top of page

ABOUT US

Hello mate! this is BESYA

289397037_327512662912608_3333903054340264087_n.jpg

ပထမ မျိုးဆက်အကလ


အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို) သည် ၁၄၊ ၆၊ ၂၀၂၁ တွင် ရန်ကုန်တိုင်း အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ရန်ကုန်) အဖြစ်ရပ်တည်ပြီး ရန်ကုန်မြို့ရှိကျောင်းသားလူငယ်များသာ ပါဝင်သောအဖွဲ့အစည်းတစ်ခုအဖြစ်အစပြုခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှစတင်၍ ၂၀၊ ၈၊ ၂၀၂၁ ကြားကာလ (အကလ-ရန် ကုန်) ဖြစ်တည်ရာကာလအား ပထမမျိုးဆက် အကလအဖြစ်သတ်မှတ်ထားသည်။ ပထမမျိုးဆက်အကလ တွင် ရည်ရွယ်ချက် ၅ရပ်၊ ရပ်တည်ချက် ၈ရပ် ရှိခဲ့သည်။ စတင်ချိန်၌ အ.ထ.က(၁) သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး၊ အ.ထ.က(၂) သင်္ဃန်းကျွန်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး၊ အ.ထ.က(၄) သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၊ သင်္ဃန်းကျွန်း TTC လေ့ကျင့်ရေးအလယ်တန်းကျောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၊ ရန်ကင်း TTC လေ့ကျင့် ရေးအလယ်တန်းကျောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး များဖြင့်ဖွဲ့စည်းခဲ့သည်။ သို့သော် (အကလ-ရန်ကုန်)တည်ထောင် ပြီး စပ်ကြားကာလတွင် အဖွဲ့အစည်းအတွင်းမတည်မငြိမ်ဖြစ်မှုများ၊ ရာထူးနေရာ အပြောင်းအလဲများနှင့် အဖွဲ့အစည်း၏ကောင်းမွန်သော ဖွဲ့စည်းပုံများမတည်ရှိ ခြင်း၊ စိတ်ဓာတ်အင်အားများအားဦး ဆောင်နိုင်မှုမရှိခြင်းတို့ကြောင့် ပထမမျိုးဆက်အကလမှာ ၂၀၊ ၈၊ ၂၀၂၁ အကုန်ကာလများတွင် တစ်ဖြည်းဖြည်းအင်အား ယုတ်လျော့ခဲ့ကာ ပထမမျိုးဆက်အကလပျက်သုန်းခဲ့သည်။

ဒုတိယ မျိုးဆက်အကလ


၂၀၊ ၈၊ ၂၀၂၁ တွင် ရန်ကုန်တိုင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ရန်ကုန်) မှ အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)သို့ တိုးချဲ့ဖွဲ့စည်းကာ အနယ်နယ်အရပ်ရပ်မှကျောင်းသားများအား စည်းရုံးလှုံ့ဆော်ခဲ့သည်။ ၎င်း အကလ(ဗဟို) စတင်သောအချိန်တွင် အဖွဲ့ဝင်ကျောင်းများမှာ နှုတ်ထွက်ခဲ့ကြပြီး အကလ(ဗဟို)၏သီးခြားအဖွဲ့ဝင်ကျောင်းဟူ၍ မရှိခဲ့ပါ။ ထိုစဉ်က ဒုတိယမျိုးဆက်ကို ဦးဆောင်ဥက္ကဋ္ဌလုပ်ခဲ့သူမှာ ကိုလူမော် ဟိဏ်း ဆိုသူဖြစ်ပြီး အကလ(ဗဟို)၏ ဒုတိယမျိုးဆက်အား အသိပညာရပ်များ၊ အောင်မြင်စေရန်လမ်းကြောင်းအသစ်များ အား လမ်းစဖွင့်ပေးခဲ့သည့်ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ၂၄၊ ၁၁၊ ၂၀၂၁ တွင် အ.ထ.က(၂) စမ်းချောင်းမြို့နယ် အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး(အကလ) စတင်ပူးပေါင်းခြင်းနှင့်ထပ်တူ နောက်ဆက်တွဲတွင်ဒုတိယမျိုးဆက် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးစတင်ခဲ့သည်။ ထို့နောက်တွင် မရမ်းကုန်းမြို့နယ် အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး၊ အ.ထ.က(၁) သင်္ဃန်းကျွန်းမြို့နယ် ... အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး၊ အ.ထ.က(၂) အရှေ့ဒဂုံမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၊အ.ထ.က(၁) ပြည် မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၊ အ.ထ.က(၁) အလုံ(မုံရွာမြို့နယ်) အခြေခံပညာကျောင်းသား လူငယ်များအစည်းအရုံး အစရှိသောအဖွဲ့ဝင်ကျောင်းများအပြင်အနယ်နယ်အရပ်ရပ်ရှိ ကျောင်းသားလူငယ်များကိုပါ စည်းရုံးကာ ဒုတိယမျိုးဆက်အင်အားစတင်တောင့်တင်းခဲ့သည်။
သို့သော်အင်အားစတင်တောင့်တင်းချိန်၌ အကလ(ဗဟို)သည် လူအင်အားကိုသာဦးစားပေးခဲ့ပြီး စိတ်ဓာတ်အင်အားကို ဦးစားပေးခြင်း၊ ခိုင်မာသောဖွဲ့စည်းပုံများမရှိခြင်းတို့ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့ကြောင့် ထိုစဉ်ကဥက္ကဋ္ဌ ကိုလူမော်ဟိဏ်းနှင့် ရုံးအဖွဲ့ဝင်များမှဦးဆောင်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲခြင်း၊ ရက်တိုသင်တန်းများပို့ချခြင်းများအား ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက်အုပ်ချုပ်ရေးခေါင်းဆောင်များအားလုံးလိုလိုပင် တက် ရောက်ခဲ့ကြရသည်။ ထိုသင်တန်းများ၏အကျိုးကျေးဇူးဖြင့်ပင် နောက်ပိုင်းတွင်အကလ(ဗဟို)သည် ပိုမို၍စနစ်တကျ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဒုတိယမျိုးဆက်တွင် ပထမမျိုးဆက်ထက် အင်အားတောင့်တင်းသည့်အကြောင်းအရင်းများမှာ-
(၁) အကလ(ဗဟို)အတွင်းရှိCDM .. လူငယ်များအားကဏ္ဍအလိုက်သက်ဆိုင်သည့်ရက်တိုသင်တန်းများအားထိထိရောက် ရောက်ပို့ချပေးခြင်း၊
(၂) ကောင်းမွန်သောမဟာမိတ်များရှိခြင်း
(၃) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအစပြုနိုင်ခဲ့ခြင်း
(၄) လူအင်အားများကိုအကျိုးရှိရှိထိထိရောက်ရောက်အသုံးချနိုင်ခဲ့ခြင်း တို့ကြောင့်ဖြစ်သည်။
ထို့နောက်တွင်
ပထမအကြိမ်မြောက်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကိုအတည်ပြုပြဌာန်းခဲ့ပြီး မူဝါဒ ၇ရပ်၊ ရည်ရွယ်ချက် ၆ချက်အဖြစ် ပြန်လည်ပြင်ဆင်ခဲ့သည်။ ၎င်းအချိန်မှစတင်ကာ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)သည် ပိုမိုကောင်းမွန်သောခြေလှမ်းထံသို့လှမ်းနိုင်ခဲ့ကာ
အင်အားတောင့်တင်းခဲ့သည်။
သို့ရာတွင် အကလ သမိုင်း၌ လွန်စွာရုပ်ဆိုးအကျည်းတန်သော ကိစ္စရပ်တစ်ခုမှာထိုစဉ်ကဖြစ်ပေါ်ခဲ့သည်။ ၎င်းမှာ ထို စဉ်က အကလ(ဗဟို) ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော ကိုလူမော်ဟိဏ်းမှာ Sexual Harrestmentဖြစ်ရပ်အား ကျူးလွန်ခဲ့ သည်။ ၎င်းကိုလူမော်ဟိဏ်းသည် ဒုတိယမျိုးဆက်အကလကို ပိုမိုကောင်းမွန်သော၊ကျစ်လစ်သောအဖွဲ့အစည်းဖြစ်အောင် လမ်းပြပေးခဲ့သူဖြစ်သည်။ သို့ရာတွင် ၎င်းကိစ္စရပ်သည်ကျွန်ုပ်တို့ အဖွဲ့ဝင်များအဖို့ ခွင့်လွှတ်၍မရသောကိစ္စရပ်ဖြစ်ခြင်း ကြောင့် ၎င်းကိုလူမော်ဟိဏ်းအားအရေးယူကာအကလ(ဗဟို)မှထွက်ခွာစေခဲ့သည်။ ထို့နောက်တွင် ရာထူးအပြောင်းအလဲ များဖြစ်ပေါ်ခဲ့ပြီး အဖွဲ့ဝင်များမငြိမ်သက်ဖြစ်လာမှုနဲ့ထပ်တူ ဒုတိယမျိုးဆက်အကလပျက်သုန်းခဲ့သည်။ ဒုတိယမျိုးဆက် အကလ ပျက်သုန်းချိန်မှာ ၂၀၂၂ ခု၊ August ၈ရက်နေ့ဖြစ်ပြီး တစ်နှစ်နီးပါးခန့်တာရှည်ခဲ့သည်။

တတိယ မျိုးဆက်အကလ

 August ၉ရက်နေ့၊ ၂၀၂၂ ခုနှစ်မှစတင်ကာ တတိယမျိုးဆက် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး(အကလ) စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ၊ ၂၂ရက်နေ့တွင် အကလ၏ ဒုတိယအကြိမ်မြောက် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်အားပြဌာန်းခဲ့ကြသည်။၎င်းဥပဒေအသစ်တွင် အကလအတွင်း အဖွဲ့ဝင်များလိုက်နာရမည့် သံမဏိစည်းမျဉ်းဥပဒေတစ်ခုပြဌာန်းခဲ့ပြီး ၎င်းမှာ အခန်း(၃)၊ ပုဒ်မ၁၂ တွင်ပါဝင်သည့်"အစည်းအရုံးအဖွဲ့ဝင်များသည် နှုတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်း လိင်ပိုင်းဆိုင်ရာအားဖြင့်ထိပါး စော်ကားခြင်း အလျဉ်းမရှိစေရ။"ဟူသောစည်းမျဉ်းဖြစ်သည်။ ဆိုလိုသည်မှာ အဖွဲ့ဝင်များ၏လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုအား အဖွဲ့ဝင်အချင်းချင်း .. သော်လည်းကောင်း၊ အဖွဲ့ဝင်မှအခြားသူများအားလည်းကောင်း၊ အခြားသူများမှအဖွဲ့ဝင်များအားလည်းကောင်း ကာကွယ် ရန်ရည်ရွယ်ထားသည်။ ထို့နောက်တွင်တတိယမျိုးဆက်အကလပြန်လည်စုရုံးနိုင်ခဲ့ပြီး အ.ထ.က(၄) သထုံမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ၊ အ.ထ.က(၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး အပါအဝင် အခြားသောအဖွဲ့ဝင်အများအပြားအားဆက်လက်စုရုံးနိုင်ခဲ့ သည်။ ယခုအခါ၌ ခိုင်မာသောအကလအဖြစ် ဆက်လက်ကာ နိုင်ငံတော်အကျိုး၊ပြည်သူလူထုအကျိုး၊ ကျောင်းသားလူငယ် အကျိုးများအား တာဝန်ထမ်းရွက်နေကြပါသည်။ ယခုအခါတွင် အကလ(ဗဟို)၏တတိယမျိုးဆက်သည် အင်အားကောင်း သည်ဟုမဆိုနိုင်သော်လည်း ရှိသည့်အင်အား အား အကျိုးရှိရှိအသုံးနိုင်ဆုံးသောမျိုးဆက်ဖြစ်သည်။

bottom of page